NEWS & ACTIVITIES
အီတလီနိုင်ငံ Bologna University မှ ဦးဆောင်၍ ဆွီဒင်နိုင်ငံ Uppsala University, Laos, Cambodia and Myanmar Universities များပါဝင်သော Erasmus ၏ Capacity Building-Key Action 2 Project ဖြစ်သည့် “ENGAGE ASEAN Student Engagement Initiative” ကို ၁၅.၁.၂၀၂၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၂.၁.၂၀၂၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပါဝင်သော အဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ မိတ်ဆက်ခြင်း အစီအစဥ်ကျင်းပခဲ့ပါသည်။ မန္တလာတက္ကသိုလ်မှ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ဒေါက်တာမဥ္ဇူမင်း (ဒုတိယပါမောက္ခချုပ်)မှ တင်ပြခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်တို့မှ ပူးပေါင်းပါဝင်ကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ အကြိမ်(၂၀) မြောက် သုတေသနညီလာခံ၊ စာတမ်းဖတ်ပွဲတွင် ဘာသာရပ်အလိုက် အကောင်းဆုံးစာတမ်း ဆုရရှိခဲ့ပါသော မန္တလာတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာလေးနွယ်အား မန္တလာတက္ကသိုလ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၂၄-၆-၂၀၂၀ ရက်နေ့ မန္တလာဒီဂရီကောလိပ်တွင် Theatre ခန်းမ၌ UAung Kyaw Soe, Local Coordinator, EIFL မှ “Doing Research in Today’s Digital Environment” ခေါင်စဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလာဒီဂရီကောလိပ်တွင် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို (၁၄.၁.၂၀၁၉) ရက်နေ့မှ (၂၅.၁.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
မန္တလာဒီဂရီကောလိပ်၊ အင်္ဂလိပ်စာဌာနမှ ကြီးမှူးကျင်းပသော 3-Month English Proficiency Course သင်တန်းဖွင့်ပွဲအခမ်းအနားကို အင်္ဂလိပ်စာဌာန၊ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မန္တလာဒီဂရီကောလိပ် (အဝေးသင်ဌာန)တွင် ၂၀၁၉ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း (၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်) ကျောင်း…
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလာဒီဂရီကောလိပ်တွင် အခြားတက္ကသိုလ်များသို့ ရားထူးတိုးမြှင့်ပြောင်ရွေ့သွားသော ဆရာ/ဆရာမများအား…
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလာဒီဂရီကောလိပ်၏ (၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို (၂၉.၁၁.၂၀၁၈) ရက်နေ့မှ (၃၀.၁၁.၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တတိယအကြိမ် အကြီးတန်းစာရေးရာထူးဖြင့် B.A (Tourism) ဘွဲ့ရရှိပြီး အသက် (၁၈)နှစ်မှ (၂၅)နှစ်အတွင်း ကျာင်းသား၊ ကျောင်းသူ (၃၀) အား…

