NEWS & ACTIVITIES
မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ အကြိမ်(၂၀) မြောက် သုတေသနညီလာခံ၊ စာတမ်းဖတ်ပွဲတွင် ဘာသာရပ်အလိုက် အကောင်းဆုံးစာတမ်း ဆုရရှိခဲ့ပါသော မန္တလာတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာလေးနွယ်အား မန္တလာတက္ကသိုလ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့မှ ကြီးမှူး၍ အကြိမ်(၂၀)မြောက် သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနား နှင့် သုတေသနစာတမ်း ဖတ်ပွဲသို့ မန္တလာတက္ကသိုလ် ဘာသာရပ်ဌာနအသီးသီးမှ ဆရာ၊ဆရာမ(၆)ဦး Video Conference စနစ်ဖြင့် (၂၁-၁၂-၂၀၂၀ မှ ၂၂-၁၂-၂၀၂၀) ရက်နေ့ထိ တက်ရောက်ဖတ်ကြားခဲ့ပါသည်။
၂၄-၆-၂၀၂၀ ရက်နေ့ မန္တလာဒီဂရီကောလိပ်တွင် Theatre ခန်းမ၌ UAung Kyaw Soe, Local Coordinator, EIFL မှ “Doing Research in Today’s Digital Environment” ခေါင်စဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
(၁၇-၉-၂၀၁၉)ရက်နေ့တွင် မန္တလာဒီဂရီကောလိပ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၉-၈-၂၀၁၉) ရက်နေ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မန္တလာဒီဂရီကောလိပ်တွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအကြို၊ (၉၉)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားအကြို၊ ကမ္ဘာခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် အခမ်းအနားများအတွက် စာစီစာကုံး၊ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို အစည်းအဝေခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၅-၈-၂၀၁၉)ရက်နေ့တွင် ၂၀၁၉ပညာသင်နှစ် မန္တလာဒီဂရီကောလိပ် ဓာတုဗေဒ(အဝေးသင် သင်တန်း) မိသားစု၏ အာစရိယပူဇော်ပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလာဒီဂရီကောလိပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၄-၈-၂၀၁၉)ရက်နေ့တွင် ၂၀၁၉ပညာသင်နှစ် မန္တလာဒီဂရီကောလိပ် ရူပဗေဒ(အဝေးသင် သင်တန်း) မိသားစု၏ အာစရိယပူဇော်ပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလာဒီဂရီကောလိပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၄-၈-၂၀၁၉)ရက်နေ့တွင် ၂၀၁၈-၂၀၁၉ပညာသင်နှစ် မန္တလာဒီဂရီကောလိပ် အင်္ဂလိပ်စာမိသားစု၏ အာစရိယပူဇော်ပွဲကို မန္တလာဒီဂရီကောလိပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး (၁၅-၈-၂၀၁၉)ရက်နေ့တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၃-၈-၂၀၁၉)ရက်နေ့ ၂၀၁၈-၂၀၁၉ပညာသင်နှစ် မန္တလာဒီဂရီကောလိပ် သင်္ချာမိသားစု၏ အာစရိယပူဇော်ပွဲကို မန္တလာဒီဂရီကောလိပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၉-၈-၂၀၁၉ရက်နေ့ မန္တလာဒီဂရီကောလိပ် Theatre ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာစာဧည့်ကထိကအဖြစ် သွားရောက်ခဲ့သည့် မြန်မာစာဌာန ကထိက ဦးဇော်နိုင်ဦး၊ Zhejiang Normal University တွင် Master of Business Administration သင်တန်းသို့ တက်ရောက်ခဲ့သည့် ခရီးသွားလုပ်ငန်းပညာဌာနမှ လ/ထကထိက ဦးသန်းထိုက် နှင့် နယူးဇီလန်နိုင်ငံတွင် English Language Training for Officials (ELTO)Programme IV ( Intake 49 🙂 Strengthening Resilence သင်တန်းသို့ တက်ရောက်ခဲ့သည့် အင်ဂျင်နီယာဌာနမှ လ/ထအင်ဂျင်နီယာ ဦးအောင်သူရဝင်းတို့၏ နိုင်ငံခြားသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံနှင့် ပတ်သက်သည့်အကြောင်း ဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

