မန္တလာတက္ကသိုလ်မှ ကြိုဆိုပါ၏။

မန္တလာတက္ကသိုလ်သည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိပြီး (၄၇) ဧက ကျယ်ဝန်းပါသည်။ (၁.၁၂.၂၀၁၂) ရက်နေ့တွင် မန္တလာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး (၂၂.၃.၂၀၁၆) ရက်နေ့တွင် မန္တလာဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။  (၁-၉-၂၀၂၀)ရက်နေ့တွင် မန္တလာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများသည် ဝိဇ္ဇာဘာသာရပ်များ၊ သိပ္ပ္ပံဘာသာရပ်များအပြင် ခရီးသွားလုပ်ငန်းနှင့်ဧည်ဝန်ဆောင်မှု ဘာသာရပ်ကိုပါ မန္တလာတက္ကသိုလ်တွင် ရွေးချယ်သင်ကြားနိုင်ပါသည်။ အခြားဒေသများမှ လာရောက် တက်ရောက်လျှက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းအဆာင်နေထိုင်ခွင့် လျှောက်ထား နိုင်ပါသည်။ ကျောင်းသား၊ ကျောင်းသူများ e-Library အသုံးပြုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားပါသည်။

READ MORE

                   ဒေါက်တာမင်းမင်းရီ

             ပါမောက္ခချုပ်

          မန္တလာတက္ကသိုလ်

 


ကျောင်းသူ/သား ၆၀၀၀ ကျော်၏ ယုံကြည်မှုရရှိထားသော

နိုင်ငံတကာ မိတ်ဖတ်အဖွဲ.အစည်း


The International Relations Office of Mandalar Degree College provides assistance to exchange international students and visiting faculty.

 

Contact to…


ကျောင်းတွင်းလှုပ်ရှားမှုများ

စာမေးပွဲလုပ်ငန်းနှင့်ပတ်သက်သည့် Excel သင်တန်း သင်ကြားပို့ချခြင်း

(၁၂ – ၅ – ၂၀၂၆) ရက်နေ့မှ (၁၄ – ၅ – ၂၀၂၆) ရက်နေ့အထိ မန္တလာတက္ကသိုလ်တွင် စာမေးပွဲလုပ်ငန်းနှင့်ပတ်သက်သည့် Excel သင်တန်း သင်ကြားပို့ချခဲ့ပါသည်။

ရုံးလုပ်ငန်းသုံး မြန်မာစာရေးသားနည်းသင်တန်း ပို့ချခြင်း

(၇ – ၅ – ၂၀၂၆) ရက်နေ့မှ (၂၉ – ၅ – ၂၀၂၆) ရက်နေ့အထိ မန္တလာတက္ကသိုလ်တွင် ရုံးလုပ်ငန်းသုံး မြန်မာစာရေးသားနည်းသင်တန်းကို သင်ကြားပို့ချခဲ့ပါသည်။

၂၀၂၅ ပညာသင်နှစ် မန္တလာတက္ကသိုလ် သမိုင်းဘာသာရပ်အထူးပြု အဝေးသင်(သင်တန်း) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲအခမ်းအနား

(၇ – ၁၁ – ၂၀၂၅) ရက်နေ့တွင် ၂၀၂၅ ပညာသင်နှစ် မန္တလာတက္ကသိုလ် သမိုင်းဘာသာရပ်အထူးပြု အဝေးသင်(သင်တန်း) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများအား နှုတ်ဆက်ပွဲအခမ်းအနားကို မန္တလာတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။