ဒဿနိကဗေဒဌာန

ဒေါက်တာသက်နိုင်

ပါမောက္ခ (ဌာနမှူး)

ဌာနနောက်ခံသမိုင်း

ဒဿနိကဗေဒဌာနကို မန္တလာတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့သင်တန်းများအတွက် ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဦးမြင့်မြတ် (၂၀၁၂ – ၂၀၁၄) လက်ထောက်ကထိကသည် ဒဿနိကဗေဒဌာန၏ ဌာနမှူးအဖြစ် ပထမဆုံး ခန့်အပ်ခြင်းခံရသည်။ ထို့နောက် (၂၀၁၄ – ၂၀၁၆)တွင် ကထိက ဦးအေးဝင်းသန်းအား ဌာနမှူးအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒေါက်တာသက်နိုင်သည် မန္တလာတက္ကသိုလ် ဒဿနိကဗေဒဌာန၏ ပထမဆုံး ပါမောက္ခ ဌာနမှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။ လက်ရှိတွင် ပါမောက္ခ ဒေါက်တာသက်နိုင်သည် ဒဿနိကဗေဒဌာန၏ ပါမောက္ခ ဌာနမှူးအဖြစ် တာဝန်ယူလျက်ရှိပါသည်။

ရည်မှန်းချက်

မန္တလာတက္ကသိုလ် ဒဿနိကဗေဒဌာနသည် ကျောင်းသား၊ ကျောင်းသူများ လေ့လာသင်ယူရာတွင် အောင်မြင်ထူးချွန်သောသုတေသန၊ သင်ကြားသင်ယူမှုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်တိုင်လုပ်ဆောင်မှု များမှတစ်ဆင့် ကျယ်ပြန့်သော ဒဿနပညာရပ်များကို လက်တွေ့အသုံးချကာ လူ့အဖွဲ့အစည်းကို ဝန်ဆောင်မှုပေးနိုင်ရန် ဦးတည်သော ရည်မှန်းချက်ကို ရရှိစေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆောင်ရွက်နေသည့်တာဝန်

မန္တလာတက္ကသိုလ် ဒဿနိကဗေဒဌာနသည် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ဘဝကို စူးစမ်းနားလည်စေကာ လူမှုရေးရာများတွင် ဆင်ခြင်တုံတရား၏ အခန်းကဏ္ဍကို ချဉ်းကပ်နားလည်နိုင်စေနိုင်သည့် နည်းလမ်းများကို ပေးနိုင်ရန် ကြိုးပမ်းနေပါသည်။ ဒဿနပညာကို လေ့လာရာတွင် ယုတ္တိဗေဒပညာရပ်ဆိုင်ရာလေ့ကျင့်မှုနှင့် မတူညီသောအမြင်များကို အကဲဖြတ်နိုင်သည့် ဒဿနပညာများ ပါဝင်ပြီး ကောင်းမွန်သော ဘဝခံယူချက်များကို အသုံးချကာလူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုရရှိရေး၏ အရေးပါမှုတို့နှင့် ပတ်သက်သော ကိုယ်ကျင့်တရားပညာဆိုင်ရာ လေ့ကျင့်မှုများ ပါဝင်ပါသည်။ မှန်ကန်မှု၊ ကောင်းမွန်မှု၊ လှပမှုတို့ကို မိမိကိုယ်တိုင် အသိပညာ၏ အဓိကသော့ချက်များအဖြစ် ထည့်သွင်းစဉ်းစားကာ အခြားသူများကို အလေးထားတက်မှုလည်း ပါဝင်သည်။ ဤအတွေးအခေါ်ပညာ လေ့လာမှု နယ်ပယ်များတွင် သင်ကြားပို့ချမှုသည် အခြားအသိပညာနယ်ပယ်များနှင့် လူအားလုံး၏ ပညာရေးကို ချိတ်ဆက်ရန် ရည်ရွယ်ပါသည်။ ယနေ့ခေတ် တွေ့ကြုံနေရသော ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် နည်းလမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ထားသော အသက်မွေးမှုတွင် အထောက်အပံ့ဖြစ်စေပြီး ခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် ဘဝကို ပြန်လည်သုံးသပ်နိုင်သည့် တက်ကြွသော ဦးဆောင်သူဖြစ်စေနိုင်ရန် ကြိုးပမ်းနေပါသည်။

အဓိကပညာရပ်ပန်းတိုင်

ဒဿနပညာတွင် အကောင်းဆုံး B.A, M.A နှင့် Ph.D ဒီဂရီများကို ပေးနိုင်ပြီး အစွမ်းထက်အကျိုးဖြစ်ထွန်းစေသော ပါမောက္ခများနှင့်အတူ အောင်မြင်သော ဌာနတစ်ခုဖြစ်လာစေရန် မျှော်လင့်ပါသည်။ သို့အတွက်ကြောင့် ဒဿနိကဗေဒဌာန ဆရာ၊ ဆရာမများသည် ကျယ်ပြန့်သော ဒဿနပညာဆိုင်ရာ အကြောင်းအရာများကို အစဉ်အမြဲ စူးစမ်းလေ့လာနေကြပါသည်။ လက်ရှိသုသေသနဆောင်ရွက်ချက်များသည် ကိုယ်ကျင့်တရားပညာသီအိုရီများ၊ လက်တွေ့အသုံးချကိုယ်ကျင့်တရားပညာ၊ ရသပညာ၊ ရုပ်လွန်အရှိတရားပညာ၊ အသိတရားသိမှုပညာ၊ သိပ္ပံဒဿနပညာ၊ လူမှုရေးသိပ္ပံဒဿနပညာ၊ ဘာသာရေး ဒဿနပညာနှင့် အခြားသောအတွေးအခေါ်ပညာရပ် အသီးသီးကို လေ့လာလျက်ရှိပါသည်။ ဒဿနိကဗေဒကျောင်းသား၊ ကျောင်းသူများသည် မန္တလာတက္ကသိုလ်သို့ လာရောက်ပညာဆည်းပူးကြပြီး အသီးသီးသော အသက်မွေးဝမ်းကျောင်းပညာရပ်များတွင် ကျယ်ပြန့်စွာ အသုံးချနိုင်သော ဒဿနပညာများကို လေ့လာလျှက်ရှိကြပါသည်။ ခေတ်မီအဆင့်မြင့်သင်ရိုးများကို လေ့လာဆည်းပူးစေကာ မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြားတွင် အဆင့်တူ သတ်မှတ်ထားသော အရည်အသွေးပြည့် B.A, M.A, နှင့် Ph.D ဘွဲ့များကို နိုင်ငံတကာတက္ကသိုလ် အရည်အသွေးနှင့်အညီ ပေးအပ်နိုင်ခြင်းသည် အဓိက ပညာရပ်ဆိုင်ရာ ပန်းတိုင်ဖြစ်ပါသည်။

 

ဒေါ်သီတာဝင်း

တွဲဖက်ပါမောက္ခ