အရှေ့တိုင်းပညာဌာန
ဌာနနောက်ခံသမိုင်းကြောင်း
မန္တလာဒီဂရီကောလိပ်တွင် အရှေ့တိုင်းပညာဌာနကို ၂၀၁၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၂မှ ၂၀၁၅အထိ မန္တလာဒီဂရီကောလိပ်၊အရှေ့တိုင်းပညာဌာန၏ ပထမဦးဆုံး ဌာနမှူးတာဝန်ကို ဒေါက်တာစန်းစန်းနု၊ ကထိကအားတာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၅မှ ၂၀၁၈အထိ မန္တလာဒီဂရီကောလိပ်၏ ဌာနမှူးတာဝန်ကို ဒေါ်ဝင်းဝင်းသစ်၊ ကထိက အားတာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၈မှ ယနေ့အထိ မန္တလာဒီဂရီကောလိပ်၊အရှေ့တိုင်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါ်မြတ်မြတ်ထွေးအား တာဝန်ပေးအပ်ခဲ့ပါသည်။ ယခုလက်ရှိအချိန်တွင် မန္တလာဒီဂရီကောလိပ်၊အရှေ့တိုင်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါ်မြတ်မြတ်ထွေး၊ကထိကမှတာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။
မျှော်မှန်းချက်
မန္တလာဒီဂရီကောလိပ်၊ အရှေ့တိုင်းပညာဌာနသည် အရှေ့တိုင်းပညာဘာသာသင်ယူသည့် ကျောင်းသားကျောင်းသူများအား ပါဠိဘာသာစကားနှင့် ပါဠိစာပေကို အခြေခံသောစာပေများသင်ကြားပေးခြင်းအားဖြင့် အကောင်းအဆိုးကိုခွဲခြားသိမြင်နိုင်၍ ကောင်းမှုကိုဆောင် မကောင်းမှုကိုရှောင်ကျဉ်စေရန်နှင့် ကိုယ်ကျင့်သီလကောင်းမွန်မြင့်မြတ်၍ အသိဉာဏ်ပညာတိုးပွားသော သားကောင်းရတနာများမွေးထုတ်ပေးရန် မျှော်မှန်းပါသည်။
လုပ်ဆောင်ရမည့်တာဝန်
မန္တလာဒီဂရီကောလိပ် အရှေ့တိုင်းပညာဌာနသည် ကျောင်းသားကျောင်းသူများအားအရှေ့တိုင်းဘာသာပညာရပ်များကို သင်ကြားပေးခြင်းအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ အနှစ်သာရကို နားလည်သိမြင်စေရန် ရည်သန်ပါသည်။ သို့မှသာ ကျောင်းသား၊ကျောင်းသူများသည် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို သိရှိနားလည်ပြီး လိမ္မာယဉ်ကျေးသော နိုင်ငံသားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
ပညာရပ်ဆိုင်ရာရည်မှန်းချက်
အရှေ့တိုင်းပညာဌာန၏ ဆရာဆရာမများသည် အရည်အသွေးပြည့်ဝသော ကျောင်းသား၊ကျောင်းသူများ မွေးထုတ်ပေးရန် ရည်မှန်းပါသည်။ သင်ကြားရေး ဆရာ၊ ဆရာမများသည် အရှေ့တိုင်းပညာဘာသာရပ်နှင့် ပတ်သက်သော သုတေသနဆောင်ရွက်မှုများကို ပြုလုပ်သွားရန် ရည်မှန်းပါသည်။
ဒေါ်မြတ်မြတ်ထွေး
ကထိက (Head of Department)
ဖုန်းနံပါတ် – +၉၅၉၄၄၀၀၃၇၉၂၃
Website – https://www.mdl.edu.mm/daw-myat-myat-htwe/
Mail – [email protected]
ဒေါ်သန်းသန်းဌေး
ကထိက
ဖုန်း – +၉၅၉၂၆၃၅၅၅၉၆၀
ဝက်ဆိုက် – https://www.mdl.edu.mm/oriental studies/
အီးမေးလ် – [email protected]
Daw Kyu Kyu Zin
Assistant Lecturer
Phone – +959440037923
Website – https://www.mdl.edu.mm/oriental-studies/
Mail – [email protected]
ဌာနဖွဲ့စည်းပုံ
အမည် |
ရာထူး | ဖုန်းနံပါတ် |
အီးမေးလ် |
ကထိက (ဌာနမှူး) | ၀၉-၄၄၀၀၃၇၉၂၃ | [email protected] | |
ဒေါ်သန်းသန်းဌေး | ကထိက | ၀၉-၂၆၃၅၅၅၉၆၀ | |
ဒေါ်ကြူကြူဇင် |
လ/ထကထိက | ၀၉-၂၅၆၃၇၃၈၄၇ |
အရှေ့တိုင်းပညာဌာန၏ အနာဂတ်အစီအစဉ်များ
အရှေ့တိုင်းပညာဌာန၏ အနာဂတ်အစီအစဉ်များမှာ လိမ္မာယဉ်ကျေး၍ အရည်အသွေးပြည့်ဝသော ကျောင်းသူ၊ကျောင်းသားများ မွေးထုတ်ပေးရန်ဖြစ်သည်။ သင်ကြားရေး ဆရာ၊ဆရာမများသည် အရှေ့တိုင်းပညာ ဘာသာစကားနှင့် စာပေဆိုင်ရာ သုတေသန ဆောင်ရွက်မှုများကို ပြုလုပ်သွားရန် ရည်မှန်းပါသည်။