သင်္ချာဌာန

ဒေါက်တာယဉ်မင်းအေး

ပါမောက္ခ (ဌာနမှူး)

ဌာနနောက်ခံသမိုင်း

မန္တလာကောလိပ်တွင် သင်္ချာဌာနကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မန္တလာကောလိပ်၊ သင်္ချာဌာန၏ ပထမဦးဆုံး ဌာနမှူးတာဝန်ကို ဒေါက်တာဝါဝါမြင့်၊ ကထိကအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မန္တလာဒီဂရီကောလိပ်၏ ဌာနမှူးတာဝန်ကို ဦးအေးနိုင်၊ ကထိကအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မန္တလာဒီဂရီကောလိပ်၏ ဌာနမှူးတာဝန်ကို ဒေါက်တာတင်တင်အေး၊ ပါမောက္ခအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မန္တလာဒီဂရီကောလိပ်၏ ဌာနမှူးတာဝန်ကို ဒေါက်တာသက်ခိုင်၊ ပါမောက္ခအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မန္တလာတက္ကသိုလ်၏ ဌာနမှူးတာဝန်ကို ဒေါက်တာယဉ်မင်းအေး၊ ပါမောက္ခမှ တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။

မျှော်မှန်းချက်

မန္တလာတက္ကသိုလ် သင်္ချာဌာနသည် သင်္ချာဘာသာသင်ယူသည့် ကျောင်းသား၊ ကျောင်းသူများအား သင်္ချာဘာသာ လေ့လာသင်ကြားပေးခြင်းအားဖြင့် စနစ်တကျလုပ်ဆောင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ တိုးတက်ကောင်းမွန်လာစေပြီး နိုင်ငံအတွက် လိုအပ်သည့် ပညာတက် လူတော်လူကောင်းများ မွေးထုတ်ပေးရန် မျှော်မှန်းပါသည်။

လုပ်ဆောင်ရမည့်တာဝန်

မန္တလာတက္ကသိုလ်၊ သင်္ချာဌာနသည် သင်္ချာဘာသာသင်ယူသည့် ကျောင်းသား၊ ကျောင်းသူများအား သင်္ချာအတွေးအခေါ် သဘောတရားများနှင့် နေ့စဉ်ဘဝတွင် အသုံးပြုပုံတို့ကိုပါ သိရှိလာစေရန်၊ ယုတ္တိဗေဒနည်းအရ မှန်မှန်ကန်ကန် တွေးခေါ်တက်လာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာစေရန်၊ ကိုယ်တိုင် အကြောင်းအကျိုး ဆက်စပ်တွေးခေါ်တက်လာရုံသာမက အခြားသူများ တွေးခေါ်ရာတွင်လည်း ရှေ့နောက်မညီဘဲ မှားယွင်းနေမှုများကို မြင်တက်လာစေရန် သင်္ချာ၏ အခြေခံများကို လေ့လာသင်ယူခြင်းအားဖြင့် စိတ်ကို မှန်မှန်ကန်ကန်နှင့် ရှေ့နောက်ညီစွာ စည်းကမ်းတကျ တွေးခေါ်တက်လာစေရန် မျှော်မှန်းပါသည်။

ပညာရပ်ဆိုင်ရာရည်မှန်းချက်

သင်္ချာဌာန၏ ဆရာ၊ ဆရာမများသည် အရည်အသွေးပြည့်ဝ၍ စည်းကမ်းကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးရန် ရည်မှန်းပါသည်။ သင်ကြားရေး ဆရာ၊ ဆရာမများသည် အရည်အသွေးရှိသော သင်္ချာဘာသာရပ်ဆိုင်ရာ အသိပညာများ ဖန်တီးခြင်းနှင့် ဖြန့်ဝေခြင်းတွင် မြင့်မားသော ထူးချွန်မှုစံနှုန်းများ ရရှိစေရန်၊ သင်္ချာပညာကို သင်ကြားပို့ချခြင်းနှင့် ဆန်းသစ်သောသင်ကြားမှုနှင့် သုတေသနနည်းလမ်းများဖြင့် သုတေသနပြုခြင်းများကို လုပ်ဆောင်ရန် ရည်မှန်းပါသည်။

 

ဒေါက်တာသင်းသင်းလဲ့

ပါမောက္ခ

 

ဒေါက်တာသီဟဗိုလ်

တွဲဖက်ပါမောက္ခ

 

ဒေါက်တာခိုင်ခိုင်စိုးဝေ

တွဲဖက်ပါမောက္ခ

သင်္ချာဌာန၏အနာဂတ်အစီအစဉ်များ

သင်္ချာဌာန၏ ဆရာ၊ ဆရာမများသည် အရည်အသွေးပြည့်ဝ၍ စည်းကမ်းကောင်းမွန်သော တီထွင်ဖန်တီးနိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှု၊ စူးစမ်းမှုနှင့် တက်ကြွစွာ သင်ယူမှုကို မြှင့်တင်ပေးသည့် ပတ်ဝန်းကျင်တစ်ခုကို ရရှိသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးရန် ရည်မှန်းပါသည်။ သင်ကြားရေး ဆရာ၊ ဆရာမများသည် အရည်အသွေးရှိသော သင်္ချာဘာသာရပ်ဆိုင်ရာ အသိပညာများ ဖန်တီးခြင်းနှင့် ဖြန့်ဝေခြင်းတွင် မြင့်မားသော ထူးချွန်မှုစံနှုန်းများရရှိစေရန်၊ သင်္ချာပညာကို သင်ကြားပို့ချခြင်းနှင့် ဆန်းသစ်သော သင်ကြားမှုနှင့် သုတေသန နည်းလမ်းများဖြင့် သုတေသနပြုခြင်းများကို တိုးမြှင့်လုပ်ဆောင်ရန် ရည်မှန်းပါသည်။