ဘူမိဗေဒဌာန

ဒေါက်တာသက်ထွန်း

ပါမောက္ခ (ဌာနမှူး)

ဌာနနောက်ခံသမိုင်း

မန္တလာဒီဂရီကောလိပ်တွင် ဘူမိဗေဒဌာနကို ၂၀၁၆ တွင် ပထဝီဝင်ဘာသာရပ်အတွက် အထောက်အကူပြုဘာသာရပ် ဌာနခွဲအဖြစ် စတင်ထားရှိ တည်ထောင်ခဲ့ပါသည်။ ၂၀၁၆ မှ ၂၀၂၁ အထိ ဦးဇော်မင်းထွန်း၊ ကထိကမှ ပထမဦးဆုံး ဌာနမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ (၁-၉-၂၀၂၀)တွင် မန္တလာဒီဂရီကောလိပ်မှ မန္တလာတက္ကသိုလ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ ယခုလက်ရှိအချိန်အထိ ဌာနမှူးတာဝန်ကို ဒေါက်တာသက်ထွန်း၊ ပါမောက္ခမှ တာဝန်ယူဆောင်ရွက်နေပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍ ဘူမိဗေဒဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံ သင်ကြားပေးလျှက်ရှိပါသည်။

မျှော်မှန်းချက်

မန္တလာတက္ကသိုလ် ဘူမိဗေဒဌာနသည် ဘူမိဗေဒဘာသာရပ်အထူးပြု သင်ကြားသင်ယူမည့် ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာကြီအတွင်းပိုင်းနှင့်ပြင်ပ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ယနေ့ခေတ်အထိ ဆင့်ကဲပြောင်းလဲနိုင်စေသည့် ကွဲပြားခြားနားသော လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန် သင်ကြားပေးခြင်းအားဖြင့် စီးပွားရေးအရ အရေးပါသော တွင်းထွက်သယံဇာတများ၊ ကျောက်မျက်ရတနာများနှင့် စွမ်းအင်လောင်စာများကို ရှာဖွေဖော်ထုတ်နိုင်သော အရည်အချင်းပြည့် ဘူမိဗေဒပညာရှင်ကောင်းများ မွေးထုတ်ပေးရန် ရည်မှန်းပါသည်။

လုပ်ဆောင်ရမည့်တာဝန်

မန္တလာတက္ကသိုလ် ဘူမိဗေဒဌာနသည် ဘူမိဗေဒဘာသာရပ်အထူးပြု သင်ကြားသင်ယူမည့် ကျောင်းသား၊ ကျောင်းသူများအား ကောင်းမွန်၍ အလားအလာကောင်းများနှင့် ကြီးပွားတိုးတက်စေရန် စွမ်းဆောင်နိုင်သော အရည်အသွေးပြည့် မြင့်မားသော ပညာရေးစနစ်ကိုပေးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ကမ္ဘာမြေသိပ္ပံဆိုင်ရာ ကွင်းဆင်းဗဟုသုတများနှင့် အတွေ့အကြုံများရရှိအောင် စာသင်ကြားမှုအပြင် လက်တွေ့ကွင်းဆင်းပညာရပ်များကိုလည်း ဖြည့်စွက်သင်ကြားပေးမည်ဖြစ်ပါသည်။

ပညာရပ်ဆိုင်ရာရည်မှန်းချက်

မန္တလာတက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ဆရာ၊ ဆရာမများသည် အရည်အသွေးပြည့်ဝသော ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံတော်ကို အကျိုးပြုသော ဘွဲ့ရပညာတက်များ မွေးထုတ်ပေးရန် ရည်မှန်းပါသည်။ သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည်လည်း ကမ္ဘာမြေသိပ္ပံဆိုင်ရာ နည်းပညာများနှင့် ဘူမိဗေဒနယ်ပယ်ရှိ သုတေသနဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်သွားရန် ရည်မှန်းပါသည်။

 

ဒေါက်တာနွယ်နီဝင်း

ပါမောက္ခ

အနာဂတ်အစီအစဉ်များ

ထူးချွန်ထက်မြတ်အရည်အချင်းပြည့်မီသော၊ ကိုယ်ကျင့်တရားကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးရန်ဖြစ်သည်။ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည်လည်း ဘာသာရပ်အကျိုးပြု သုတေသနများကို အစဉ်တစိုက် ဆောင်ရွက်သွားရန်ဖြစ်သည်။