ပထဝီဝင်နှင့်ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာဌာန

ဒေါက်တာမြတ်သူ

ပါမောက္ခ(ဌာနမှူး)

ဌာနနောက်ခံသမိုင်း

ပထဝီဝင်ဌာနကို မန္တလာကောလိပ် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၂ ခုနှစ်အချိန်မှ စတင်၍ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပထဝီဝင်ဌာန၏ ဌာနမှူးတာဝန်အား ဒေါက်တာကြူကြူဇင်၊ ကထိကမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဆရာ/ဆရာမအင်အား (၃)ဦးဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၂၁)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် မန္တလာကောလိပ်အား မန္တာလာဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင်လှစ်သည့်အချိန်တွင် ပထဝီဝင်ဌာန၏ ဌာနမှူးတာဝန်အား ဒေါက်တာခင်အေးယု၊ ကထိကမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဆရာ/ဆရာမအင်အား (၆)ဦးဖြင့် သင်ကြားရေးတာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် မန္တလာဒီဂရီကောလိပ်အား မန္တလာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။ မန္တလာတက္ကသိုလ်၊ ပထဝီဝင်ဌာန၏ ပါမောက္ခ၊ ဌာနမှူးတာဝန်အား ဒေါက်တာသီသီသန်းက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဆရာ/ဆရာမအင်အား (၁၁)ဦးဖြင့် သင်ကြားရေး          တာဝန်များအား ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်က ကျောင်းသား/ ကျောင်းသူ (၂၃၃)ဦး တက်ရောက် ပညာသင်ကြားခဲ့ပါသည်။၂၀၂၁ မှ ၂၀၂၅အထိ ဌာနမှူးတာဝန်အား ဒေါက်တာဝင်းမြင့်ဦးက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဆရာ/ဆရာမအင်အား (၁၃)ဦးဖြင့် သင်ကြားရေးတာဝန်များအား ဆောင်ရွက်ခဲ့ပါသည်။၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ စတင်၍ ပထဝီဝင်ဌာနတွင် အသုံးချဘာသာရပ်တစ်ခုဖြစ်သော Environmental Studies – ပတ်ဝန်းကျင်လေ့လာမှုပညာ ဘာသာရပ်အား တိုးချဲ့ဖွင့်လှစ်သင်ကြားခွင့် ရရှိခဲ့ပါသည်။ ယခုလက်ရှိအချိန်တွင် မန္တလာတက္ကသိုလ်၊ ပထဝီဝင်နှင့်ပတ်ဝန်းကျင်လေ့လာမှုပညာ ဌာန၏ ဌာနမှူးတာဝန်အား ဒေါက်တာမြတ်သူက တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး ဆရာ/ဆရာမအင်အား (၂၄)ဦးဖြင့် သင်ကြားရေး တာဝန်များအား ဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိအချိန်တွင် နေ့သင်တန်း တက်ရောက်သင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၂၅)ဦးရှိပြီး အဝေးသင် သင်တန်းတက်ရောက်သင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၁၂၁၅)ဦးရှိပါသည်။

မျှော်မှန်းချက်

မန္တလာတက္ကသိုလ်၊ ပထဝီဝင်ဌာနသည် ကျောင်းသား/ကျောင်းသူများအား ပထဝီဝင် အသိပညာများ တတ်ကျွမ်းစေရန် သင်ကြားပို့ချပေးလျှက်ရှိပြီး ယင်းပထဝီဝင်အသိပညာများကို အသုံးချ၍ ဒေသအကျိုးနှင့် နိုင်ငံ့အကျိုးတို့အား တစ်တပ်တစ်အား သယ်ပိုးထမ်းရွက်နိုင်သည့် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးနိုင်ရန် နှင့် ပတ်ဝန်းကျင် ဆိုင်ရာလေ့လာမှုပညာ ကျောင်းသား/ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်စေရန်၊ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် နှင့် လူမှုဝန်းကျင်ကောင်းများ ဖန်တီးတည်ဆောက်နိုင်ရန် မျှော်မှန်းပါသည်။

လုပ်ဆောင်ရမည့်တာဝန်

ပထဝီဝင်ဌာနသည် ကျောင်းသား/ကျောင်းသူများအား ပထဝီဝင်ဘာသာရပ် နှင့် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာဘာသာရပ် များတွင် နားလည်သဘောပေါက် တတ်ကျွမ်းပြီး မိမိတို့ တတ်ကျွမ်းသော ပထဝီဝင်အသိပညာများ၊ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာများကို အသုံးချ၍ ဒေသအကျိုး၊ နိုင်ငံ့အကျိုးတို့ကို ဆောင်ရွက်နိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။

ပညာရပ်ဆိုင်ရာမျှော်မှန်းချက်

ပထဝီဝင်ဌာနမှ ဆရာ/ဆရာမများသည် အရည်အသွေးပြည့်ဝသော ကျောင်းသား/ကျောင်းသူများအား မွေးထုတ်ပေးနိုင်ရန် မျှော်မှန်းထားပြီး ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု သုတေသနများအား ဆောင်ရွက်ရန် ရည်မှန်းပါသည်။

ဒေါက်တာအေးအေးချစ်

ပါမောက္ခ

ဒေါက်တာခင်စန်းမော်

ပါမောက္ခ

ဒေါက်တာစန္ဒာမျိုး

ပါမောက္ခ

ဒေါ်ဌေးနွယ်

တွဲဖက်ပါမောက္ခ

ပထဝီဝင်နှင့်ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာဌာန၏အနာဂတ်အစီအစဉ်များ

ပထဝီဝင်ဌာနသည် အရည်အသွေးပြည့်ဝသော ကျောင်းသား/ကျောင်းသူများအား မွေးထုတ် ပေးမည်သာမက ဘာသာရပ်ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန်လည်း သုတေသနလုပ်ငန်း များကိုလည်း လုပ်‌ဆောင်သွားစေမည်ဖြစ်ပါသည်။