အင်္ဂလိပ်စာဌာန

ဒေါ်ယဉ်ချောစု

တွဲဖက်ပါမောက္ခ (ဌာနမှူး)

ဌာနနောက်ခံသမိုင်းကြောင်း

မန္တလာကောလိပ်တွင် အင်္ဂလိပ်စာဌာနကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၂ မှ ၂၀၁၅ အထိ မန္တလာကောလိပ်၊ အင်္ဂလိပ်စာဌာန၏ ပထမဦးဆုံး ဌာနမှူးတာဝန်ကို ဒေါ်အေးအေးသွယ် (ကထိက) အား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၅ မှ ၂၀၁၉ အထိ မန္တလာဒီဂရီကောလိပ်၏ ဌာနမှူးတာဝန်ကို ဒေါက်တာလဲ့လဲ့ဝင်း (ပါမောက္ခ) အား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၉ မှ ၂၀၂၁ အထိ မန္တလာဒီဂရီကောလိပ် အင်္ဂလိပ်စာဌာန၏ ဌာနမှူးတာဝန်ကို ဒေါ်မာမာလွင် (တွဲဖက်ပါမောက္ခ)အား တာဝန်ပေးအပ်ခဲ့ပါသည်။ (၈-၆-၂၀၂၁) မှ (၁-၁၁-၂၀၂၁) အထိ ဒေါ်သန်းသန်းအေး (ကထိက)အား ဌာနမှူးတာဝန်ကို တာဝန်ပေးအပ်ခဲ့ပါသည်။ ယခုလက်ရှိအချိန်တွင် မန္တလာတက္ကသိုလ် အင်္ဂလိပ်စာဌာန၏ ဌာနမှူးတာဝန်ကို ဒေါ်ယဉ်ချောစု (တွဲဖက်ပါမောက္ခ) မှ တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။

မျှော်မှန်းချက်

မန္တလာတက္ကသိုလ် အင်္ဂလိပ်စာဌာနသည် အင်္ဂလိပ်စာသင်ယူသည့် ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ စာပေများကို သင်ကြားမှုစွမ်းရည် (၄) ရပ်ဖြစ်သော အဖတ်၊ အရေး၊ အပြော၊ အကြားစွမ်းရည်လေးရပ်ကို အခြေခံကာ သင်ကြားပေးလျှက်ရှိပါသည်။ ဤသို့ သင်ကြားလေ့ကျင့်ပေးခြင်းအားဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် မျှော်မှန်းပါသည်။

လုပ်ဆောင်ရမည့်တာဝန်

မန္တလာတက္ကသိုလ် အင်္ဂလိပ်စာဌာန၏ ဆရာ၊ ဆရာမများသည် အင်္ဂလိပ်စာဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများအား စာပေအနှစ်သာရကို သိမြင်နားလည်လာစေရန် သင်ကြားပြသရမည် ဖြစ်ပါသည်။ ထို့သို့ လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် မိခင်ဘာသာစကားနှင့် နိုင်ငံခြားဘာသာစကားတို့၏ ကွဲပြားခြားနားချက်များကို သိမြင်နားလည်သဘောပေါက်လာမည် ဖြစ်ပါသည်။ အင်္ဂလိပ်စာဘာသာရပ် အထူးပြု ကျောင်းသား၊ ကျောင်းသူများအား မိခင်ဘာသာစကားဖြစ်သော မြန်မာစာသာမက အင်္ဂလိပ်စာဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။

ပညာရပ်ဆိုင်ရာ ရည်မှန်းချက်

အင်္ဂလိပ်စာဌာန၏ ဆရာ၊ ဆရာမများသည် အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးရန် မျှော်မှန်းပါသည်။ အမျိုးဘာသာကို ချစ်မြတ်နိုးသော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရည်မှန်းပါသည်။ သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများသည်လည်း အင်္ဂလိပ်စာဘာသာရပ်နှင့် ပတ်သက်သော သုတေသနဆောင်ရွက်မှုများကို ပြုလုပ်သွားရန် ရည်မှန်းပါသည်။

 

ဒေါ်ရီရီခင်

တွဲဖက်ပါမောက္ခ

 

ဒေါ်စိမ်းဖြူဖြူထွန်း

တွဲဖက်ပါမောက္ခ

အင်္ဂလိပ်စာဌာန၏ အနာဂတ်အစီအစဉ်မျာ

အင်္ဂလိပ်စာဌာန၏ အနာဂတ်အစီအစဉ်များမှာ လိမ္မာယဉ်ကျေး၍ အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးရန်ဖြစ်သည်။ ထိုမှတစ်ဆင့် အနာဂတ်၏ အသိပညာပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန် မျှော်မှန်းပါသည်။ မိမိနိုင်ငံအတွက် အကျိုးပြုသော အနာဂတ်သားကောင်းများ ဖြစ်လာစေရန် ရည်မှန်းပါသည်။ သင်ကြားရေး ဆရာ၊ ဆရာမများသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုနှင့် စာပေဆိုင်ရာ သုတေသန ဆောင်ရွက်မှုများကိုလည်း တက်စွမ်းသမျှ ကြိုးစားပြုလုပ်သွားရန် မျှော်မှန်းပါသည်။