ခရီးသွားလုပ်ငန်းပညာဌာန

ဒေါ်သက်သက်ခိုင်

တွဲဖက်ပါမောက္ခ (ဌာနမှူး)

ဌာနနောက်ခံသမိုင်း

မန္တလာတက္ကသိုလ် ခရီးသွားလုပ်ငန်းပညာဌာနကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၂ မှ ၂၀၁၉ အထိ မန္တလာတက္ကသိုလ် ခရီးသွားလုပ်ငန်းပညာဌာန၏ ပထမဆုံး ဌာနမှူးတာဝန်ကို ဒေါ်ဆုမွန်ဌေး၊ နည်းပြအား တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၁၉ မှ ၂၀၂၀ အထိ ဒေါ်ထက်ထက်အောင်၊ ကထိကအား ဌာနမှူးတာဝန်ကို ပေးအပ်ခဲ့ပြီး ၂၀၂၀ မှစ၍ ခရီးသွားလုပ်ငန်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါ်သက်သက်ခိုင်၊ တွဲဖက်ပါမောက္ခအား တာဝန်ပေးအပ်ခဲ့ပါသည်။ ယခုလက်ရှိအချိန်တွင် မန္တလာတက္ကသိုလ်၊ ခရီးသွားလုပ်ငန်းပညာဌာန၏ ဌာနမှူးတာဝန်ကို ဒေါ်သက်သက်ခိုင်၊ တွဲဖက်ပါမောက္ခမှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိပါသည်။

မျှော်မှန်းချက်

ပညာရပ်ပိုင်းဆိုင်ရာ သီအိုရီများသာမက လက်တွေ့နားလည်တက်ကျွမ်းမှုများရှိပြီး ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်များတွင် ကမ္ဘာ့အဆင့်မီ စံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်လုပ်ကိုင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးရန်။

လုပ်ဆောင်ရမည့်တာဝန်

ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုနယ်ပယ်တွင် ကောင်းမွန်သော ကိုယ့်ကျင့်သမာဓိ၊ ကောင်းမွန်သော ခေါင်းဆောင်မှု အရည်အချင်းများအား အခြေခံကာ ဝန်ဆောင်မှုများ၊ စီမံခန့်ခွဲမှု၊ သုတေသနနှင့် နည်းပညာသုံးစွဲမှုများကို ကမ္ဘာ့အဆင့်မီ စံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်မည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် အလို့ငှါ လိုအပ်သော အသိပညာနှင့် အတက်ပညာများကို ထောက်ပံ့ဖြည့်ဆည်းပေးရန်။

ပညာရပ်ဆိုင်ရာရည်မှန်းချက်

အာဆီယံဒေသတွင်းနိုင်ငံများတွင် လုပ်ကိုင်နေသော ခရီးသွားလုပ်ငန်းပညာရှင်များတွင် ပြည့်စုံရမည့်အရည်အသွေး သတ်မှတ်ချက်များနှင့် နိုင်ငံတကာစံသတ်မှတ်ချက်များ ပြည့်မီအောင် အရည်အသွေးမြင့်မားသည့် ပညာရေးအား သင်ကြားပို့ချပေးရန်။

စနစ်တကျရေးဆွဲထားသော နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများနှင့် အရည်အသွေးမြင့်မားသော သင်ထောက်ကူပစ္စည်းများ အသုံးပြုကာ သင်ကြားပေးခြင်းမှတစ်ဆင့် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသော ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လျှော်ညီစွာ လုပ်ဆောင်နိုင်ရန်။

ခရီးသွားလုပ်ငန်းပညာဌာန၏ အနာဂတ်အစီအစဉ်များ

ခရီးသွားလုပ်ငန်းပညာဌာန၏ အနာဂတ်အစီအစဉ်များမှာ မြန်မာနိုင်ငံတွင် ဧည့်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းလိုအပ်ချက်များ၊ ကျောင်းသားများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ မျှော်မှန်းချက်များအတွက် အထောက်အကူဖြစ်စေမည့် စိတ်ဝင်စားဖွယ်ကောင်းပြီး လက်တွေ့သရုပ်ပြမှုများ ပါဝင်သည့် သင်ကြားမှု၊ သင်ယူမှု အတွေ့အကြုံများ ပေးစွမ်းရန်ဖြစ်သည်။