၂၀၂၅ ပညာသင်နှစ် မန္တလာတက္ကသိုလ် သမိုင်းဘာသာရပ်အထူးပြု အဝေးသင်(သင်တန်း) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲအခမ်းအနား
(၇ – ၁၁ – ၂၀၂၅) ရက်နေ့တွင် ၂၀၂၅ ပညာသင်နှစ် မန္တလာတက္ကသိုလ် သမိုင်းဘာသာရပ်အထူးပြု အဝေးသင်(သင်တန်း) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများအား နှုတ်ဆက်ပွဲအခမ်းအနားကို မန္တလာတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၁ – ၁၀ – ၂၀၂၅) ရက်နေ့တွင် ၂၀၂၅ ပညာသင်နှစ်၊ မန္တလာတက္ကသိုလ် အရှေ့တိုင်းပညာအထူးပြု အဝေးသင်(သင်တန်း) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို မွန်းလွဲ (၂း၀၀)နာရီတွင် တက္ကသိုလ်ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၁ – ၁၀ – ၂၀၂၅) ရက်နေ့တွင် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်၊ မန္တလာတက္ကသိုလ် အင်္ဂလိပ်စာဌာန အဝေးသင်(သင်တန်း) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲအခမ်းအနားကို နံနက် (၉း၀၀)နာရီ တွင် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၇ – ၁၀ – ၂၀၂၅) ရက်နေ့တွင် ၂၀၂၅ ပညာသင်နှစ်၊ မန္တလာတက္ကသိုလ် ပထဝီဝင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာဌာန အဝေးသင်(သင်တန်း) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ကြိုဆိုနှုတ်ဆက်ပွဲ အခမ်းအနားကို မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၇ – ၁၀ – ၂၀၂၅) ရက်နေ့တွင် ၂၀၂၅ ပညာသင်နှစ်၊ မန္တလာတက္ကသိုလ် ဒဿနိကဗေဒအထူးပြု အဝေးသင်(သင်တန်း) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား နှုတ်ဆက်ပွဲအခမ်းအနားကို နံနက်(၉း၃၀)နာရီတွင် တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အီတလီနိုင်ငံ Bologna University မှ ဦးဆောင်၍ ဆွီဒင်နိုင်ငံ Uppsala University, Laos, Cambodia and Myanmar Universities များပါဝင်သော Erasmus ၏ Capacity Building-Key Action 2 Project ဖြစ်သည့် “ENGAGE ASEAN Student Engagement Initiative” ကို ၁၅.၁.၂၀၂၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၂.၁.၂၀၂၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပါဝင်သော အဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ မိတ်ဆက်ခြင်း အစီအစဥ်ကျင်းပခဲ့ပါသည်။ မန္တလာတက္ကသိုလ်မှ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ဒေါက်တာမဥ္ဇူမင်း (ဒုတိယပါမောက္ခချုပ်)မှ တင်ပြခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်တို့မှ ပူးပေါင်းပါဝင်ကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ အကြိမ်(၂၀) မြောက် သုတေသနညီလာခံ၊ စာတမ်းဖတ်ပွဲတွင် ဘာသာရပ်အလိုက် အကောင်းဆုံးစာတမ်း ဆုရရှိခဲ့ပါသော မန္တလာတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာလေးနွယ်အား မန္တလာတက္ကသိုလ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၂၄-၆-၂၀၂၀ ရက်နေ့ မန္တလာဒီဂရီကောလိပ်တွင် Theatre ခန်းမ၌ UAung Kyaw Soe, Local Coordinator, EIFL မှ “Doing Research in Today’s Digital Environment” ခေါင်စဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

