Uncategorized
အီတလီနိုင်ငံ Bologna University မှ ဦးဆောင်၍ ဆွီဒင်နိုင်ငံ Uppsala University, Laos, Cambodia and Myanmar Universities များပါဝင်သော Erasmus ၏ Capacity Building-Key Action 2 Project ဖြစ်သည့် “ENGAGE ASEAN Student Engagement Initiative” ကို ၁၅.၁.၂၀၂၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၂.၁.၂၀၂၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပါဝင်သော အဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ မိတ်ဆက်ခြင်း အစီအစဥ်ကျင်းပခဲ့ပါသည်။ မန္တလာတက္ကသိုလ်မှ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ဒေါက်တာမဥ္ဇူမင်း (ဒုတိယပါမောက္ခချုပ်)မှ တင်ပြခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်တို့မှ ပူးပေါင်းပါဝင်ကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ အကြိမ်(၂၀) မြောက် သုတေသနညီလာခံ၊ စာတမ်းဖတ်ပွဲတွင် ဘာသာရပ်အလိုက် အကောင်းဆုံးစာတမ်း ဆုရရှိခဲ့ပါသော မန္တလာတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာလေးနွယ်အား မန္တလာတက္ကသိုလ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
National Education Strategics Plan – NESP (2021 – 2030) အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁ -၂၀၃၀)ရေးဆွဲရေး ပြည်ထောင်စုအဆင့်ဆိုင်ရာ ဆွေးနွေးပွဲတွင် မန္တလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
Opening Ceremony of the 20th Research Conference chaired by Myanmar Arts and Sciences Association Video lecture by 6 teachers from Mandalay University Attended and read from (21-12-2020 to 22-12-2020).
၂၄-၆-၂၀၂၀ ရက်နေ့ မန္တလာဒီဂရီကောလိပ်တွင် Theatre ခန်းမ၌ UAung Kyaw Soe, Local Coordinator, EIFL မှ “Doing Research in Today’s Digital Environment” ခေါင်စဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
၉-၈-၂၀၁၉ရက်နေ့ မန္တလာဒီဂရီကောလိပ် Theatre ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာစာဧည့်ကထိကအဖြစ် သွားရောက်ခဲ့သည့် မြန်မာစာဌာန ကထိက ဦးဇော်နိုင်ဦး၊ Zhejiang Normal University တွင် Master of Business Administration သင်တန်းသို့ တက်ရောက်ခဲ့သည့် ခရီးသွားလုပ်ငန်းပညာဌာနမှ လ/ထကထိက ဦးသန်းထိုက် နှင့် နယူးဇီလန်နိုင်ငံတွင် English Language Training for Officials (ELTO)Programme IV ( Intake 49 🙂 Strengthening Resilence သင်တန်းသို့ တက်ရောက်ခဲ့သည့် အင်ဂျင်နီယာဌာနမှ လ/ထအင်ဂျင်နီယာ ဦးအောင်သူရဝင်းတို့၏ နိုင်ငံခြားသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံနှင့် ပတ်သက်သည့်အကြောင်း ဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၉-၇-၂၀၁၉)တွင် ကျရောက်သော (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မန္တလာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာစိန်စိန်အောင်၊ ဝန်ထမ်းများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။
(Myanmar) ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလာဒီဂရီကောလိပ်တွင် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို (၁၄.၁.၂၀၁၉) ရက်နေ့မှ (၂၅.၁.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။