မန္တလာတက္ကသိုလ်မှ ကြိုဆိုပါ၏။

မန္တလာတက္ကသိုလ်သည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိပြီး (၄၇) ဧက ကျယ်ဝန်းပါသည်။ (၁.၁၂.၂၀၁၂) ရက်နေ့တွင် မန္တလာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး (၂၂.၃.၂၀၁၆) ရက်နေ့တွင် မန္တလာဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။ မန္တလာဒီဂရီကောလိပ် သည် ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့နှင့် တွဲဖက်ဖွင့်လှစ်ထားပါသည်။ (၁-၉-၂၀၂၀)ရက်နေ့တွင် မန္တလာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများသည် ဝိဇ္ဇာဘာသာရပ်များ၊ သိပ္ပ္ပံဘာသာရပ်များအပြင် ခရီးသွားလုပ်ငန်းနှင့်ဧည်ဝန်ဆောင်မှု ဘာသာရပ်ကိုပါ မန္တလာတက္ကသိုလ်တွင် ရွေးချယ်သင်ကြားနိုင်ပါသည်။ အခြားဒေသများမှ လာရောက် တက်ရောက်လျှက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းအဆာင်နေထိုင်ခွင့် လျှောက်ထား နိုင်ပါသည်။ ကျောင်းသား၊ ကျောင်းသူများ e-Library အသုံးပြုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားပါသည်။

READ MORE

      Principal

      Dr. Myin Zu Minn
           Principal
[email protected]

[email protected]


ကျောင်းသူ/သား ၆၀၀၀ ကျော်၏ ယုံကြည်မှုရရှိထားသော

နိုင်ငံတကာ မိတ်ဖတ်အဖွဲ.အစည်း


The International Relations Office of Mandalar Degree College provides assistance to exchange international students and visiting faculty.

 

Contact to…


ကျောင်းတွင်းလှုပ်ရှားမှုများ

“ENGAGE ASEAN Student Engagement Initiative”

အီတလီနိုင်ငံ Bologna University မှ ဦးဆောင်၍ ဆွီဒင်နိုင်ငံ Uppsala University, Laos, Cambodia and Myanmar Universities များပါဝင်သော Erasmus ၏ Capacity Building-Key Action 2 Project ဖြစ်သည့် “ENGAGE ASEAN Student Engagement Initiative” ကို ၁၅.၁.၂၀၂၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၂.၁.၂၀၂၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပါဝင်သော အဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ မိတ်ဆက်ခြင်း အစီအစဥ်ကျင်းပခဲ့ပါသည်။ မန္တလာတက္ကသိုလ်မှ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ဒေါက်တာမဥ္ဇူမင်း (ဒုတိယပါမောက္ခချုပ်)မှ တင်ပြခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်တို့မှ ပူးပေါင်းပါဝင်ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အကြိမ်(၂၀)မြောက် သုတေသနညီလာခံ စာတမ်းဖတ်ပွဲ

မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ အကြိမ်(၂၀) မြောက် သုတေသနညီလာခံ၊ စာတမ်းဖတ်ပွဲတွင် ဘာသာရပ်အလိုက် အကောင်းဆုံးစာတမ်း ဆုရရှိခဲ့ပါသော မန္တလာတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာလေးနွယ်အား မန္တလာတက္ကသိုလ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။