(၄-၇-၂၀၁၉)ရက်နေ့တွင် မန္တလာဒီဂရီကောလိပ်၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဒေါက်တာရဲလွင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများ စုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပွဲကို တစ်ပျော်တစ်ပါး ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၅-၆-၂၀၁၉)ရက်နေ့မှ (၂၇-၆-၂၀၁၉)ရက်နေ့အထိ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလာဒီဂရီကောလိပ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို ကျောင်းအုပ်ကြီး ဒေါက်တာစိန်စိန်အောင် နှင့် ပါမောက္ခ(ဌာနမှူး)များမှ ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။